ဓမ္မ

ဖောင်တော်ဦးဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း


အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့၊ မန္တလေးမြို့၊ ဖုန်း ၀၉ - ၃၃၀၆၈၀၃၉

Saturday, November 30, 2013

နေ့စဉ်ဘုရားရှိခိုးကဗျာ(လိမ္မာ...ယဉ်ကျေး...ဒို့ရင်သွေး)

“ကလေးများဖတ်ဖို့”


သုံးလူ့ထွဋ်ထား မြတ်ဘုရားကို
အားပါးတရ ရှိခိုးမယ်။
လူနတ်ဗြဟ္မာ အကျိုးများဖို့
ငါတို့ဘုရား ပွင့်ပေါ်တယ်။
အားကိုးကြည်ညို မှီခိုတတ်ရင်
အမြတ်ကောင်းကျိုး ဖြိုးဝေတယ်။
ဖူးမြင်ဦးချ ပူဇော်ကြလို့
စိတ်က ဂုဏ်တော်မှန်ဆရွယ်။
ရုပ်ပုံလည်းထင် ဂုဏ်လည်းမြင်
ကြည်လင်စိတ်ဝမ်း ချမ်းမြတယ်
မှန်းဆရွယ်၊ ဖူးမယ်။ ။

ကျင့်သုံးလိုက်နာစရာ ကျင့်ဝတ်များ (လိမ္မာ...ယဉ်ကျေး...ဒို့ရင်သွေး)


“ဘဘကို မေးကြစို့”


ဝတ်တရားတွေ ကျေကျေ
တာဝန်တွေကို ထမ်းထမ်း
အိမ်ထောင်စုကြီး ပျော်ရွှင်လန်း
တာဝန်ထမ်းဖို့ ၀တ္တရားကျေစရာ
ဒို့ကလေးများ သိသင့်တာ
မောင်လေးရေ လာ ဘဘထံပြေး
မေးကြစို့လေး မေးစို့လေး ။ ။


“သားသ္မီး-တာဝန်”


ကျွေးမွေးလေ ပြုစုလေ
ဆောင်ရွက်စီမံ မွေခံစေ
မျိုးနွယ်စောင့်သေး လှူမျှပေး
ငါးထွေဝတ်တွေ သားတို့ကျေ
ငါးထွေဝတ်တွေ သ္မီးတို့ကျေ ။ ။


“မိဘ-တာဝန်”


မကောင်းတားကာ ကောင်းညွှန်ကာ
သင်ပါလေစေ ပညာတွေ
ရင်းနှီးပေးခြင်း ထိမ်းမြားခြင်း
ငါးခင်းဝတ်ကျေ မိဘတွေ ။ ။


“တပည့်-တာဝန်”


တက်ကြွစိတ်ပါ ဆုံးမနာ
ကြွလာ ကြိုဆီးလေ
ချဉ်းကပ်-လုပ်ကျွေး-သင်-အံ-တွေး
ငါးထွေဝတ်တွေ တပည့်ကျေ ။ ။


“ဆရာ့-တာဝန်”


သင်ပေးပညာ ဆုံးမကာ
ပညာကုန်လေ သင်ပေးဝေ
ဘေးရန်ဆီးကာ အပ်-သင့်ရာ
ငါးဖြာကျေစေ ဆရာတွေ ။ ။


“မိတ်ဆွေ-တာဝန်”


နှုတ်ပြောချိုသာ မှန်သစ္စာ
ပေးကမ်း ချီးမြင့်တာ
ကိုယ်နှင့်ယှဉ်လျက် စီးပွားဖက်
ငါးချက်ပြုပါ မိတ်ဆွေတာ ။ ။


“ဒါယကာ-တာဝန်”


ချစ်ခင်စွာ ဆောင်ရွက်ကာ
ကိုယ် နှုတ် စိတ် သုံးဖြာ
လိုယင် ဖိတ်ထား၊ လှူတတ်အား
ငါးပါးပြုပါ ဒါယကာ ။ ။


“ဘုန်းဆရာ့-တာဝန်”


မကောင်းတားကာ ကောင်းညွှန်ကာ
ထပ်ကာဟောကြား သင်ဟောကြား
နတ်ထံ-တင်ကာ ပို့-မေတ္တာ
ခြောက်ဖြာ ကျေထား ဘုန်းအများ ။ ။

သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)မှ နွေးထွေးစွာကြိုဆိုပါ၏


ကောင်းကျိုးလိုလား သူတော်များကို ဒို့များအခု စာနာပြုလို တယုတယဖိတ်ခေါ်သည်။
ကမ္ဘာပေါ်မှာ လောကရဲ့အမှန်တရားတွေပျောက်ကွယ်မသွားဖို့
သူတော်ကောင်းတရားတွေကို ပျောက်ပျက်မသွားရလေအောင်
လက်ဆင့်ကမ်းအမွေအဖြစ် ကရုဏာတရား လက်ကိုင်ထားပြီး
ရဟန်း,ရှင်, လူများကို
မြင့်မြတ်သော ပညာအမွေများကို ပေးဝေနေပါသည်
ကောင်းကြိုးလိုလား သူတော်အများတို့ လာရောက်ဖို့သာ
ဖိတ်ခေါ်အပ်ပါသည်။

အရှင်ဝဏ္ဏသီရိ(ဓမ္မာစရိယ)၊
နယ်လှည့် အဘိဓမ္မာသင်တန်း(နည်းပြ)၊
မန္တလေးတိုင်းလက်ထောက်ကမ္မဋ္ဌာနာစရိယ၊
သီတဂူဗုဒ္ဓတက္ကသိုလ်၊
ဖောင်တော်ဦး(ပရဟိတ)ဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း
မန္တလေးမြို့။

ရှာဖွေရေး